နတ်မောက် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က ကျွန်တော့်အား အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးပေးရန် စာရေး လိုက်သည်။ ကျွန်တော့် နတ်မောက် မြို့သို့ တခါမျှ မရောက်ဖူး။ သို့သော် နတ်မောက် ဟူသော အသံကပင် ကျွန်တော့် စိတ်ကို လှုပ်ရှား စေလိုက်သည်။ နတ်မောက်နှင့် ကိုအောင်ဆန်း ဆက်စပ် နေသည်။ နတ်မောက်သည် ကိုအောင်ဆန်း၏ ဇာတိ။ ထိုစဉ်က ဖွံ့ဖြိုးစ နယ်ချဲ့ စနစ်ကို တော်လှန် တိုက်ခိုက်သူမှာ ကိုအောင်ဆန်း၏ အဘိုး ဗိုလ်မင်းရောင် ဟူသော သမိုင်းခေတ် အသိက လက်ခနဲ ဝင်ရောက် လာသည်။
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Thursday, February 7, 2013
အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း
နတ်မောက် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က ကျွန်တော့်အား အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးပေးရန် စာရေး လိုက်သည်။ ကျွန်တော့် နတ်မောက် မြို့သို့ တခါမျှ မရောက်ဖူး။ သို့သော် နတ်မောက် ဟူသော အသံကပင် ကျွန်တော့် စိတ်ကို လှုပ်ရှား စေလိုက်သည်။ နတ်မောက်နှင့် ကိုအောင်ဆန်း ဆက်စပ် နေသည်။ နတ်မောက်သည် ကိုအောင်ဆန်း၏ ဇာတိ။ ထိုစဉ်က ဖွံ့ဖြိုးစ နယ်ချဲ့ စနစ်ကို တော်လှန် တိုက်ခိုက်သူမှာ ကိုအောင်ဆန်း၏ အဘိုး ဗိုလ်မင်းရောင် ဟူသော သမိုင်းခေတ် အသိက လက်ခနဲ ဝင်ရောက် လာသည်။
Tuesday, February 5, 2013
ဆန်း နှင့် ကြည် (ဒဂုန်တာရာ)
ဂျပန် ၀င်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာ ပြီးနောက် ဂျပန်တို့ ၀င်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်း ကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွား သည်။
Wednesday, July 18, 2012
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁၀)
ကျွန်တော်သိသော သခင်အောင်ဆန်း
ဗိုလ်ခွန်ဖြူ
အချိန်မှာ အင်္ဂလိပ်ခေတ်မပျက်မီ ၁၉၄၀ ခုနှစ် ၊ဖေဖော်ဝါရီလ အတွင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ရပ်ကွက် အချို့တွင် ကျောက်ရောဂါ ဖြစ်ပွားနေသဖြင့် ကျန်းမာရေးဋ္ဌာနမှ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ကို ကျောင်း အသီးသီးရှိ ကျောင်းသူကျောင်းသား များအား အလျှင်အမြန် ထိုးပေးနေရသော အခါလည်း ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၉)
ပြောသလိုလုပ်၍ လုပ်သလိုပြောသော ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ဥတ္တမကျော်
။။အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင် တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြော ကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရ မိသည့် အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၈)
ဤသို့ လုပ်ကြံခဲ့သည်
ဗိုလ်ဥတ္တမကျော်
။။။။။(အောက်ပါ အကြောင်းအရာများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော် ခေါင်းဆောင်ကြီးများ အား လုပ်ကြံ သတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော တရားခံ ``ရန်ကြီးအောင်`` ခေါ် မောင်လှထွန်း ၏ ပြောပြ ချက် များဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ထိုစဉ်က မည်သို့ ရေတိမ်တွင် နစ်မွန်း ဆုံးရှုံးခဲ့ ရကြောင်း ပြန်ပြောင်း သတိရနိုင်စေရန် ကှုအချက်ကို ပြန်ပြောင်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါကြောင်း)။။။။။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၇)
တော်လှန်ရေးမှ မြုတ်ကွက်တစ်ကွက်
ဗိုလ်ဥတ္တမကျော်
၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်များ မြန်မာပြည်ထဲသို့ရောက်ရှိလာ၏။ ဂျပန်တပ်သားတို့သည် ၄င်းတို့၏ စိတ်အလို ဆန္ဒနှင့် မတွေ့သူမှန်သမျှကို ယောကျာင်္း မိန်းမ ဘုန်းကြီး မယ်သီလရှင် မရွေး ပါးနားရိုက်လေ့ ရှိသည်။ ဖွဲ့စည်းထားသော အစိုးရမှာလည်း ပြည်သူတို့၏ အလိုဆန္ဒ လုံးဝမပါရှိသော ဂျပန့်အလိုတော်ရိ ရုပ်သေး အစိုးရ ကို ဖွဲ့စည်းပေးထားသည်။ မြန်မာပြည်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ဆန် စပါး ဆီ ဝါဂွမ်း ရေနံ ကျွန်းသစ်စသည်တို့ကိုလည်း ဂျပန်အရင်းရှင် ကုမ္ပဏီကြီးများဖြစ်ကြသော ကာနီဗို ဂိုရှို မစ်ဆူဗီရှီ --စသော ကုမ္ပဏီများက လက်ဝါးကြီးအုပ် ချယ်လှယ်ထား၏။ မြန်မာ့မြေတွင် မြန်မာများ ကျွဲနွားဖြင့် ကုန်းကြုံး လုပ် ရသော် လည်း မြန်မာတို့ခံစားခွင့်မရှိ။ ဂျပန်တို့သည် ဗုဒ္ဓဘာသာ ဘုရား ကျောင်းကန်များတွင် စခန်းချခြင်း ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးထင်းဆိုက်ရန်ကိုလည်း ဝန်မလေးခြင်း။ မြန်မာ အမျိုးသမီး ကြီးကြီးငယ်ငယ် မရွေး ကိုလည်း မုဒိမ်းကျင့် ဖျက်ဆီးလေ့ရှိကြသည်။
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၆)
ငါဟာ တစ်ယောက်တည်းသမားပါ
နတ်ဆွေမောင်
၁၉၄၆ ခု၊ နိုဝင်ဘာလ ၂၀ ရက်နေ့ဟုထင်ရပါသည်။ အတိအကျတော့ မမှတ်မိပေ။ ကောင်းကင် တစ်ခုလုံးဋ္ဌ် လင်းထိန်အောင်ပင် နေသည် သာလျှက်ရှိ၏။
လောင်းဝစ္စလမ်း ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်ဝင်း အဝင်ဝတွင် စက်သေနတ်များဖြင့် ကင်းစောင့်နေသော ရဲဘော် ၆ ဦးခန့်သည် ကျောက်ရုပ်များပမာ တည်ညိမ်လျှက်ရှိကြလေသည်။ ကင်းထဲတွင် စကားပြောသံ လုံးဝ မကြားခဲ့ရ။ကားဂိတ်မှ ဝင်သွားပြီး ကုန်းမြင့်ကလေးကို ကွေ့ပတ်ကာဖောက်လုပ် ထားသောလမ်းမှ တတ်သွားပြီး ဋ္ဌာနချုပ်ဝင်းထဲတွင် ကြည့်လျှင် ယူနီဖောင်းကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြသော ဗမာတစ်ပြည်လုံး မှ ပြည်သူ့ ရဲဘော် ခေါင်းဆောင်များကို မြင်ရပေမည်။ထိုစဉ်က ကျွန်တော်သည် မကွေးခရိုင်၏ ကိုယ်စားလှယ် တစ်ယောက် အဖြစ်ထိုညီလာခံသို့ တတ်ရောက်ခဲ့၏။
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (5)
ဆန်း နှင့် ကြည်
(ဒဂုန်တာရာ)
ဂျပန် ၀င်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ၀င်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွားသည်။ အရှေ့ အာရှ စစ်ဖြစ်သည်နှင့် ရန်ကုန်ကို ဂျပန်တို့က ဗုံးကြဲလိုက်သည်။
ထိုအခါ အသွားအလာများ ပျက်ကုန်တော့သည်။ ခါတိုင်း သွားနေကျ ဧရာဝတီသင်္ဘောလည်း မရှိတော့။ သည်တော့ ဘိုကလေးမှ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ပန်းချီဆရာ ကို အုန်းလွင် တို့ ပါလာသော မော်တော်ဘုတ် ကျိုက်လတ်ဆိုက်သည်နှင့် ကျနော်လိုက်သွားသည်။ ညဘက် ရန်ကုန်ဆိပ် ကမ်းသို့ ကပ်ခွင့်မရ၍ ခနောင်တို့ ဘက်တွင် တညအိပ်၍ နောက်နေ့ နံနက်စောစော ရန်ကုန် ရောက်သွားသည်။
Tuesday, July 17, 2012
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၄)
ငမိုး
နတ်မောက် ဘုန်းကျော်
ကှု ဇူလိုင်လ အတွင်းသို့ ရောက်ပြီဆိုလျှင် ကျွန်တော်သည် သွားလေသူ (ငမိုး)ကို တကယ့်လှိုက်လှဲစွာ ပင် လွမ်းမိလေသည်။ အခြားအခြားသော ပုဂ္ဂိုလ်များက ငမိုးကို လွမ်းဆွတ် တမ်းတကြသည်ကိုလည်း သိပါ၏။
သို့သော် ကျွန်တော့အဖို့တွင်ကား ငမိုးကို ဆရာသမားတစ်ဦးအနေနှင့် လည်း လွမ်းရ၏။ သွေးသား အနေနှင့်လည်း လွမ်းရ၏။ ကျွန်တော့ချွတ်ယွင်းချက်များကို မညှာမတာပြောတတ်ပြီး ဇွတ်အပြင်ခိုင်းခဲ့သူ တစ်ဦး အနေနှင့်လည်း လွမ်းရပါသည်။ ခေါင်းဆောင်တစ်ဦး အနေနှင့်လည်း ကြည်ညိုရှိခိုး၇၏၊ အကိုကြီးတစ်ဦး အေ နနှင့်လည်း လွမ်းရ၏။ သူေ၇တိမ်တွင် နစ်ခဲ့ကတည်းက ကျွန်တော့်မှာလည်း အားကိုးအားထား ကင်းမဲ့ကာ နေရ သဖြင့် ငမိုးကို လုပ်ကြံသူတစ်စုကို စိတ်အနာကြီး နာမိသည်။ လုပ်ကြံမှုတည်းဟူသော အကြမ်းဖက်မှုကို ရှုတ်ချ မိသည်။ သူ့ကို တမ်းတမ်းတတ ဖြင့် ပိုမိုထူးကဲစွာ လွမ်းမိခဲ့ရပါပေသည်။
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၃)
စစ်လောက ခရီးကြမ်းဝယ်။
ဘန်ကောက်တမြို့လုံး ဂျပန်စစ်တပ်တွေ ဒင်းကြမ်းနှင့် ယိုးဒယားပြည်တစ်ပြည်လုံး နီပွန်အလံများ လွှမ်းမိုးလျှက် ကမ္ဘာ့အရှေ့ပိုင်းတစ်ခုလုံး ဂျပန်စစ်ဘီလူးကြီးက ဝါးမြိုထားခိုက်ဖြစ်တော့သည်။
ဗိုလ်အောင်ဆန်းခေါ် ဗိုလ်တေဇ၊ တချိန်တခါက အညတသခင်အောင်ဆန်းဖြစ်ခဲ့သူ ဦးစီးသည့် ဗမာ့ လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနကြီးကား ---ဘန်ကောက်မြို့အရှေ့တောင်ဒေါင့်ရှိ ဇရပ်နီရပ်ကွက်ခေါ် ဆာလာဒင်ရပ် နိုင်ငံခြားသားများသံရုံးတစ်ခုလုံးဋ္ဌ် ခန့်ညားစွားစခန်းချလျှက် စစ်ရေးပြင်နေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား ဒုတိယစစ်သေနာပတိအဖြစ် နှင့် တိုက်ရေးခိုက်ရေးမှစ၍ တပ်မတော် ဖွဲ့စည်းရေး ပါမကျန် တာဝန်ခံယူရသည်ဖြစ်သဖြင့် စိတ်ပန်းလူပန်းဖြစ်နေပုံရလေသည်။
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၂)
သခင်ဝါဒလှိုင်းယဉ်သာမှာ
``ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။``
ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေးတက်ကြွနေခိုက် ဖြစ်တော့သည်။ ထိုလှိုင်းယဉ်သာဌ် ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊ ဗမာ့လက်ရုံးတပ်သားတစ်ယောက်အနေဖြင့်၎င်း၊ ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့်တဖုံ ကူးသန်းကာ မြူးတူးရင်း အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက် သာယာဝတီညီလာခံကြီးသို့ သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေသည်။
ဒို့ဗမာသီချင်းကို ဝိုင်- အမ်- ဘီ သခင်တင်က တရားစင်ထိတ်မှ အာဘောင်အာရင်းသန်သန်ဖြင့် တိုင်ကာပေးလျှက် တရားစင်ရှေ့ဋ္ဌ် ပင်နီအင်္ကျီအုံးခွန်ရောင် နီဝါဝါနှင့် ပါးစပ်တွင် ကွမ်းသွေးကြောင်းများနှင့် အလွန်ထင်ရှားသော သခင်စိုးက ဒေါပါ မာန်ပါနှင့် လက်သီးလက်မောင်းတန်းကာ လိုက်ဆိုလျှက် သခင်အောင်ဆန်းက ခပ်မှန်မှန် မျက်လုံးမှေးကာ စာရွတ်သလို သီချင်းလိုက်ဆိုနေသည်ကို မှတ်သားလိုက်မိပါ၏။ သူတို့နောက်တွင် ကျွဲကော်ကိုင်း မျက်မှန်ဖြင့် သခင်လှဖေ (ဗိုလ်လင်္ကျာ) ပင်နီအင်္ကျီ ခပ်နုနုဖြင့် သခင်အောင်သန်း (ဗိုလ်စင်္ကြာ) တို့အပြင် သခင်သန်းဖေ သခင်ဗသိန်းကြီးတို့တစ်သိုက် သီချင်း သံပြိုင်လိုက်နေသည်ကို ကြည့်ရင်း ကျွန်တော်သည် ဗမာပြည်ကြီး လွတ်လပ်ရေးကို မရနေ လုပ်တော့မည် ဟူသော အဓိဋ္ဌာန် ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)
အမှာ။ ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်( လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ အပိုင်တောင်းရု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။ ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစား အားကျခြင်းများလဲ အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူေ၇ာ မထင်ရှားခဲ့ပဲ ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အားလပ်ချိန်ကလေးများ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရု် စာအုပ်မှ စာများကို ရိုက်ကာ မိတ်ဆွေများကို ဝေငှချင် သည့် စေတနာများပေါက်လာကာ ကိုယ်တိုင်၇ိုက်ပြီး ဝေငှပါသည်။ အကယ်ရု် ကှုစာအုပ်သည် ပြင်ပတွင် လွယ်ကူစွာ ဖတ်ရှုနိုင်သော ( သို့မဟုတ်) အများစုဖတ်ပြီးသားများဖြစ်နေပါက ကျွန်တော့ကို အကြောင်းပြန်ပေးပါ ရန်နှင့် ကှုစာအုပ်သည် ရှားပါးစာအုပ်ထင်ရု်သာ အပင်ပန်းခံ ပြီး မျှဝေမိကြောင်း ရိုးသားစွာ မဏာမတင်ပြအပ် ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုစိုးနိုင်
Subscribe to:
Posts (Atom)
