Pages

Wednesday, July 18, 2012

၁၉ ဇူလိုင်





၁၉ ဇူလိုင် မမေ့နိုင်က

စကားအဖြစ် ကျန်ကာရစ်လို့

တွေးကာစိတ်မျှော် စိတ်ရည်ဖော်လည်း

တင်ကာမရ ပေလွှာထက်က

ရေးကြီးခေါင်းစဉ် စီကာမတင် သြော်မမြင်ရတာကြာပြီပေါ့.....




ဇူလိုင်၁၉ နေ့သစ်တစ်မျိုး

ကျောင်းသားအတွက် ကျောင်းပိတ်ရက်နဲ့

ရုံးဈေးပိတ်ရန် စိတ်ဝယ်သန်စေ

မေ့ကာနေသည် ထိုအာဇာနည်။



အကယ်၍သာ

သူပြန်မြင်လျှင် ရင်မနာနှင့်

ကြွင်းကျန်ရစ်သည့် ထိုစနစ်ကို သူတို့ပြန်ပြောင်းပုံဖော်နေသည်

့နှောင်ကြိုးတစ်မျှင် တင်းကာနေလျှင်

ချည်နှောင်ကြိုးဖြတ် ခရီးဆက်ပါ

19 ဇူလိုင် 2012ခု။


posted by ထူးပ

No comments:

Post a Comment