Pages

Wednesday, July 18, 2012

ဗိုလ်ချုပ်အောင်ဆန်း ကဗျာ



ဇူလိုင် ၁၉ ၊ ၆၅ နှစ်မြောက် အာဇာနည်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကဗျာ လေးကို အမှတ်တရ.. တင်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။

ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်။


ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွတမလွန်။

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်။

ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်။

ဆိုရှယ်လစ်ဆောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

ဗိုလ်ချုပ်အောင်ဆန်းသီချင်း

No comments:

Post a Comment