ခေတ်မီနိုင်ငံရေး အဘိဓာန်တစောင်တဖွဲ့ ထွက်ပေါ်လာရေးသို့ ရှေးရှုလျက် ဆောင်းပါးများတင်ပြခဲ့သည်မှာ ဂျာနယ်သုံးပတ်ပင် ရှိပေပြီ။ သို့နှင့်လည်း ရေးစရာများမှာ မကုန်တတ်သေးပေ။ယခုအပတ်တင်ကား ထိုပြီး ခဲ့သော ဆောင်းပါး (၂) စောင်တို့၏နောက်ဆက်တအနေဖြင့် ၁၉၄၆-၄၇ ခုနှစ်အတွင်းက အမြို့မြို့တွင်
ပြောဟောခဲ့သော ကွယ်လွန်သူ ဗိုလ်ချုပ်ဆောင်ဆန်း၏ မိန့်ခွန်းများမှ ကောက်နုတ်၍ နိုင်ငံရေး အဓိပ္ပာယ် ဖွင့်ဆိုချက်များကို တင်ပြလိုပေသည်။
ယင်းတင်ပြချက်များသည် ပေါ်ပေါက်လာလတံ္တသော ဗမာ့နိုင်ငံရေး အဘိဓာန် ကျမ်းကြီးအား ကျေးဇူးပြုနိုင် လိမ့်မည်ဟု ယုံကြည်မိပါသည်။၁၉၄၇ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံတင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ နှစ်သစ်ကူး မိန့်ခွန်း မြွက်ကြားရာတွင် “တော်လှန်ရေးဆိုတာဘာကို ဆို သလဲ ၊ လူထုဆိုတာ ဘာလဲ၊ ခေါင်းဆောင်မှု ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ အစရှိတဲ့ တိုင်းပြည် မှာ သတင်းစာတွေကော၊ နိုင်ငံရေးသမားတွေရော စမ်းတဝါးဝါး ရေးသားပြော ဆိုနေ တာ ကို တွေ့ရ လို့ ဖြေရှင်းလိုသေးတယ်” ဟူ၍ သူ့ဆန္ဒကို ထုတ်ဖော်ခဲ့လေသည်။
၎င်းနောက် တဖန် ထိုနှစ်အတွင်းမှာပင် ဇူလိုင်လ (၁၃) ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှနေ၍ ဗိုလ်ချုပ်အောင် ဆန်း၏ နောက်ဆုံးမိန့်ခန်းခေါ်ရမည့် နိုင်ငံရေးရှင်းတမ်းကြီး ထုတ်ခဲ့ရာတွင်လည်း “နိုင်ငံရေး အကြောင်းကို ဖွင့်သင့်သောအခါ အပတ်စဉ် နေ့စဉ် ရှင်းပြသွားချင်ပါတယ်။ ရှင်းပြချင်တာတွေ ဗိုက်ထဲမှာ အများကြီးရှိတယ်။ ဒါပေမယ့် ကျုပ်ကလည်း မအားဘူး။ နိုင်ငံရေးဟာ ဘာလဲ၊ လွတ်လပ်ရေးဟာ ဘာလဲ၊ ခေါင်းဆောင်မှုဟာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ၊ ဒါတွေကို ရှင်းပြချင်ပါတယ်။သတင်း စာထဲမှာ ရေးချင်တာတွေ ရေးတာကို ခင်ဗျားတို့ ထင်ချင်တာ ထင်နေရတယ်။ ကျနော်လည်း မအားလို့ ကြည့်နေရတာပဲ” ဟူသော စကားများ ပါခဲ့ပေသည်။
သို့သော် ဗိုလ်ချုပ်ခမျာမှာ ထိုမိန့်ခွန်းကို မြွက်ကြားပြီးနောက် ရက်သတ္တတပတ်ခန့် မျှသာ လူ့ဘဝတွင် အသက်ရှင် နေသွားရရှာသဖြင့် သူရှင်းလင်းပြချင်သောအချက်တို့မှာ သူ့ဆန္ဒအတိုင်း အကောင် အထည်ဖော်မသွားနိုင်တော့ ပေ။
သို့သော် ဗိုလ်ချုပ် အမြို့မြို့တွင် ပြောဟောခဲ့သော မိန့်ခွန်းများထဲမှ ဗိုလ်ချုပ်ရှင်းပြချင်ခဲ့သောနိုင်ငံရေး စကားလုံးအချို့အဝက်ကိုကား တွေ့နိုင်ပါသေး၏။ ဆောင်းပါးတွင်ကား ထိုရှာဖွေတွေ့ရှိချက်များကို တင်ပြထား ခြင်းဖြစ်၍ နိုင်ငံရေးအဘိဓာန်အတွက်သာမဟုတ်၊ဗိုလ်ချုပ်၏ နိုင်ငံရေးယူဆချက်များကိုပါ အကဲခတ်နိုင်မည် ဖြစ်ပေသတည်း။
တရားရာကျအောင် လွတ်လပ်ရေး ပေးပါဟု တောင်းခြင်း။ ယူအန်အို (UNO) တို့ ဘာတို့ကို ကြေးနန်းရိုက်၊
စာပို့လူလွှတ် တောင်းနေလို့ ဘယ်တော့မှမရနိုင်။ သတင်းစာတွေထုတ်။ ဟိန်းဟောက်နေရုံန့လည်း မရနိုင်။
အင်အားနဲ့ ကျကျနနရှိမှ လွတ်လပ်ရေးကို ရနိုင်မည်။ အားရှိမှ လူလေးစားသည်။ ဒါကြောင့် အားရှိကြောင်း
ပြနိုင်အောင် ကြိုးစားကြရမည်။ (၁၇-၁၁-၄၆ နေ့က သာစည်တင် ဟောပြောချက်မှ)။

အစိုးရ
အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမခေတ်ကစပြီး ယနေ့အထိ။ သဘော အမျိုးမျိုးပဲ ပေါ်ခဲ့တယ်။ ယခုခေတ်မှာတော့ ကာလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘော တရားဟာ တဖြည်းဖြည်းခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံး တရား မဟုတ်သေး ဘူး။
ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလိုသဘောအမျိုးမျိုးဆိုပေမယ့် နိုင်ငံရေးဟာ စီးပွားရေး အုတ်မြစ်ပေါ် မှာတည်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းတော့ပါဘူး။လူရယ်လို့ဖြစ်လာရင် လူဟာ စားရမယ်၊ ဝတ်ရမယ်၊ နေရမယ်။ အဲဒီအစားအဝတ်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူရ့ဝတ္ထုပစ္စည်း အသုံး အဆောင်တွေကို ရှာကြံတဲ့အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်း လုပ်ငန်း စနစ်တွေပေါ်လာ တဲ့အခါ လူအချင်းချင်း ဆက်ဆံပေါင်းသင်းမှု စနစ်ဟာပေါ်လာ တယ်။ လူတန်းစား ခြားနား လာကြတယ်။ အဲဒီလို ခြားနားလာ ကြရာက အကျိုးချင်းကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီပဋိပက္ခဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက်တုန်းကတော့ လူတွေပဲ။

ဒါပေမယ့် နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘဝသို့ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ လူတွေကအာဏာ အပ်လို့ ဖြစ်လာ တာပါက လား ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။
အဲရှင်ဘုရင်စနစ်လို သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာရှိတော့မလဲ။ တခါလဲ အစိုးရ ဆိုတာ ဘုန်းကံကြောင့်ဆိုပြီးတောင် တခါတုန်းက အစိုးရဆိုတဲ့အာဏာဟာ အင်မတန် အဖိုးတန် အသုံး ဝင်တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အား ကောင်းတဲ့ လူတွေ အချင်းချင်းလုကြတယ်။ ရရင်လည်း လက်ကမလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီအထဲမှာ တုတ်လုပ်အရိုက်ခံရမယ့် အခါကျမှ ပါရတာပဲ။ ဒီလိုအာဏာလုကြတဲ့အခါမှာ ဒီမိုကရေစီဆိုပြီး ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ အာဏာ လို့ ကြွေးကြော်ဟစ်အော်ပြီး ညာတဲ့စနစ်တွေလည်း ရှိတယ်။

(၂ဝ-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမ ညီလာခံတင် မိန့်မြွက်ခဲ့သည်)
သမ္မတစနစ်
သမ္မတစနစ်သာ တိုင်းသူပြည်သားတွေသာလျှင် အရင်းခံမူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော် တယ်။လူလူချင်းအတူတူပဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ (ပဏာမညီလာခံ မိန့်ခွန်းမှ ၂ဝ-၅-၄၇)
ပြည်သူ့အာဏာ။
ပြည်သူ့အာဏာ။
အချုပ်ပြောရရင် ရှေးတုန်းက ဘုရင်တဦးရဲ့လက်ထဲမှာ အာဏာရှိတယ်။ ကျနော် တို့က အဲဒီလိုမဖြစ်စေ ချင်ဘဲနဲ့ တိုင်းသူပြည်သားတွေရ့ အာဏာပိုင်ဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေ လုပ်တဲ့ လွတ်လပ်ရေး ကို လိုချင်တယ်။ (၂၄-၁၁-၄၆ နေ့တင် မန္တလေးလူထုသို့)
လွတ်လပ်ရေး။
လွတ်လပ်ရေး။
လွတ်လပ်ရေးအဓိပ္ပာယ်ဟာ အေးအေးချမ်းချမ်းနှင့် ကောင်းကောင်းစားသောက်ဖို့ လုပ်တဲ့ အခါမှာ အခြားလူတွေရဲ့ အကျိုးကိုမထိခိုက်ဘဲ တိုးတက်မှုလုပ်တာဟာ လွတ်လပ်ရေးပဲ။ (၁၃-၇-၄၇ နေ့က ဟောပြောခဲ့သည့် နိုင်ငံရေးရှင်းတမ်းမှ)
တော်လှန်ရေး။
တော်လှန်ရေး။
တော်လှန်ရေးဆိုတာ အဖျက်လုပ်ငန်းတိုင်းလုပ်မှ တော်လှန်ရေးမဟုတ်ဘူး ။ တော်လှန်ရေး ဆိုတာ လူထုကံကြမ္မာကို ဖန်တီးရာမှာ လူထုကိုယ်တိုင်ပါဝင်ပြီး ဘယ်လိုဖြစ်ဖြစ် ဆောင်ရွက် တာကို ဆိုလို တယ်။ တော်လှန်ရေးရဲ့ အခြေခံအချက်က လွတ်လပ်မှုကို လူထုကြီးက ပါဝင်ဆောင် ရွက်မှု၊နိုးကြားမှု များနှင့် ပြောင်းလဲမှု များကို ဖြစ်စေတာကို တော်လှန်ရေးလို့ခေါ်တယ်။
ခေါင်းဆောင်။
ခေါင်းဆောင်။
ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲ ရမယ် ။ ညွှန်ပြရဲရ မယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင်မဖြစ်စေရဘူး။ ကျနော်ကတော့ လူတိုင်းကြိုက်ကို လိုက်ပြော မှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။
(၂၁-၃-၄၇နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
ပြည်သူ့ရဲဘော်။
ပြည်သူ့ရဲဘော်။
ရဲဘော်တို့ဟာ ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ အကျင့်သိက္ခာနှင့် မလျော်ညီစေဘဲ တိုင်းသူ ပြည်သား များ အပေါ် မောက်မောက်မာမာနှင့် ပြုမူခြင်း၊ ဟိတ်ဟန်ပြခြင်း၊ တိုင်းသူပြည်သားများ အား ခြိမ်းခြောက် ခြင်း တို့ကို ပြုမူပါက ရဲဘော်တို့၏ ပြည်သူ့ရဲဘော်ဆိုသော နာမည်နှင့်အဘယ်သို့မျှ ဆက် ဝင်၍ မရဘဲ တိုင်းပြည် ၏ ရန်သူသာလျှင်ဖြစ်မည်။
(၂၄-၁၁-၄၆ နေ့က မန္တလေး ပြည်သူ့ရဘော်ဗိုလ်ရှုညီလာခံမှ)
ဒီမိုကရေစီအဟောင်း။
ဒီမိုကရေစီအဟောင်း။
ဒီမိုကရေစီဆိုတာ လူတွေရဲ့အကျိုးကို လုပ်ရအောင် လူတွေကတင်မြှောက်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်။ တခြားဟာတွေ ဒီမိုကရေစီအစစ်မဖြစ်နိုင်ဘူး အတုတွေ သာ ဖြစ် မယ်။ ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီးသံတမ်း ပြောကြ တာတွေလည်း အများကြီးပဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစား အချင်း ချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။
အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး၊ တပဲလောက်ပ။ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုကတော့ အရင်းရှင်ခေါ်တဲ့ ပစ္စည်း အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့စနစ် အခြေခံတဲ့ ဒီမိုကရေစီဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့
အာဏာရှင်စနစ် အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီးထားတဲ့အုပ်ချုပ်ရေးပဲ။
(၂ဝ-၅-၄၇ ပဏာမညီလာခံ မိန့်ခွန်းမှ)
ဒီမိုကရေစီအသစ်။
ယခု အချို့နိုင်ငံတွေမှာ ကျုပ်တို့ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့ အရင်းရှင်ဖြစ်ဖြစ်၊ အရင်းရှင်လို လူတန်း စာတွေဖြစ်ဖြစ် လူတစု လောက် သာ ကြိုးကိုင်ထားတဲ့ အရင်းရှင်လုပ်နေတဲ့ စနစ်တွေသာဖြစ်တယ်။ ကျုပ်တို့လုပ်ချင်တာကတော့ Greatest Happiness of the Greatest Number လူအများဆုံး အကောင်း ဆုံး ချမ်းသာသုခရအောင် အဲဒီ လူ အများက ကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင် တာပဲ။
(၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ။
ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ။
ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီမိုကရေစီဝါဒက ဖြာထွက်သွားတာတွေပဲ။ ဘယ်ဟာက ဒီမိုကရေစီ မဝင်သေးဘူး။ နိုင်ငံရေးတွင်သာမက စီးပွားရေးပါမှ ဒီမိုကရေစီ ဖြစ်နိုင်မယ်လို့ ဒီမိုကရေစီသဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်။
(၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
ဖက်ဆစ်စနစ်။
ဖက်ဆစ်စနစ်ဆိုတာဘာလဲ။ ကြမ်းသင့်လို့ကြမ်းတာကို ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ကိုယ်နှင့်စိတ် မသင့်တာ လုပ်သမျှကို ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ငွေပင်ငွေရင်းရှင် (Finance Capital ) ကြီးတွေက လက်ကိုင်လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းအတမ်း ဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ဝါဒဟာ ဖက်ဆစ်ဝါဒပါပဲ။
(၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံ မိန့်ခန်းမှ)
ဖဆပလ
ဖဆပလရဲ့ အဓိပ္ပာယ်ကတော့ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ ဂျပန်တွေကို တော်လှန်ပြီး လွတ်လပ်ရေးရဖို့ လွတ်လပ်တဲ့ အစိုးရအဖွဲ့ကို တည်ထောင် ဖို့ ဖြစ်တယ်။ ဂျပန်တွေရှိစဉ်ကတတည်းက ဖဆပလအဖွဲ့ကို လျှို့ဝှက်စွာ တည်ထောင်ခဲ့ပါတယ်။တိုင်းပြည် ကို သစ္စာမဖောက်ဘဲ တည်ထောင်ခဲ့ပါတယ်။ ဥပမာပြရလျှင် လွန်ခဲ့တဲ့ တနှစ်လောက်တုန်းက (၁၉၄၅နှစ် က) ဖဆပလအဖွဲ့ချုပ်ကြီး တခုသာရှိခဲ့တယ်။ အင်္ဂလိပ်တွေဟာ ဖဆပလအဖွ့ချုပ်ကြီး ပြိုကွဲအောင် အမျိုး မျိုးကြိုးစားခဲ့ကြတယ်။ အိန္ဒိယပြည်မှာကတည်းက ပြိုကွအောင် စီမံကိန်းတွေထုတ်တယ်။ ဒါပေမယ့် ဖဆပလအဖွဲ့ ကြီးဟာဗမာပြည်မှာ အင်အားကြီးမှန်း သိလာတော့ ဖဆပလအဖွဲ့ကြီးနဲ့ စကားကမ်းလှမ်း ခဲ့ရတယ်။ ဖဆပလ ဟာ နေသူရိန် ဆုံးဖြတ်ချက်အတိုင်း တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားအစိုးရဖွဲ့ပြီး အာဏာကုန်ပေးရန်တောင်းဆိုခဲ့တယ်။
(၂၃-၁၁-၄၆ နေ့က မန္တလေးနှင့် မေမြို့လူထုသို့ ဟောပြောချက်မှ)
လူများစု
လူများစု
ဒီနေရာမှာ လူများစုလို့ဆိုတာဟာ ပစ္စည်းအခြေအနေ ရာထူးအခြေအနေကို အကြောင်းပြုပြီး လူများစု လူနည်းစုဖြစ်ကြတဲ့ လူတွေကိုသာဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားတဲ့လူများစု လူနည်းစု ကိစ္စတွေ မှာ တော့ လူများစုလူမျိုးက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီမှန်မယ်။
(၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
လူနည်းစု
လူနည်းစု
နိုင်ငံပေါင်းချုပ် အသင်းကြီးက သရုပ်ပြဋ္ဌာန်းထားကတော့ လူမျိုးရေး လူနည်းစုဆိုတာ လူမျိုးရေးလူများစုရ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလုနည်းစုလို့ ခေါ်နိုင်မယ်ဆိုထား တယ်။ ဘာပြုလို့လဆိုရင် ရှမ်းပြည်မှာ လူမျိုးပေါင်း (၂ဝ-၃ဝ) လောက်ရှိတယ်။ အဲသလိုသာ လူမျိုးကွဲတိုင်း လျှောက်ပြီး ခေါ်နေရရင်ဆုံးမှာ မဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်တာပဲ။ သို့ပေမယ့် ဗမာပြည်အဖို့မှာတော့ လူမျိုးရေး လူများစုရ့ ဆယ်ပုံတပုံလောက်ရှိရင်ပဲ လူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျနော်ယူဆတယ်။ လူမျိုးရေး လူများစုရ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစု ဆိုရင်တော့ ဗမာပြည်မှာ လူမျိုးရေးလူနည်းစုကို မရှိနိုင်တော့ဘူး။
(၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
လူမျိုးကြီး။
လူမျိုးကြီး။
အင်္ဂလိပ်လိုမှာ (Nation or Nationality) အစရှိသည်အားဖြင့် လူမျိုးတွေကိုအသီးသီး ခေါ်ထား တာရှိ တယ်။ (Nation or Nationality) ဆိုတာမျိုးကတော့ ဗမာလိုတိတိကျကျ ဘယ်လိုပြန်ရမယ်ဆိုတာ ဗမာ အဘိဓာန်ကျကျနန ထွက်မှပဲ ဖြစ်နိုင်မှာပဲ။ အဓိပ္ပာယ်ကတော့ ဥပမာဗြိတိသျှလူမျိုးဆိုရင် အင်္ဂလိပ်-စကော့၊ ဝေလ-အိုင်းရစ်လူမျိုးတွေ စုပေါင်းထားတာကို ခေါ်တာပဲ။ အမေရိကန်လူမျိုးဆိုရင်လည်း ဥရောပ ကလူမျိုးစုံ အမေရိကမှာလာနေပြီး အမေရိကန်လို့ ခေါ်နေတဲ့ လူအားကိုခေါ်တာပဲ။ ဒီတော့(Nation or Nationality) ခေါ်တဲ့ လူမျိုးကြီး ဆိုကြပါစို့။
အဲဒီလူမျိုးကြီးဆိုတာဟာ ဘယ်လိုအချင်းအရာတွေနှင့် ပြည်စုံမှ လူမျိုးကြီးလို့ခေါ်မလဲ၊ အဲဒီ လူမျိုးပြဿနာနှင့် ပတ်သက်ပြီး အခုကမ္ဘာကျော် ဆိုဗီယက်ယူနီယံ ခေါင်းဆောင်ကြီးဖြစ်တဲ့ စတာလင် ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုရင်
“A Nation is historicaly evolved, stable community of language, Territory, Economic life, and psychological make -up manifested in a community culture.”
---လူမျိုးကြီးဆိုတာ ရာဇဝင်အရ ဖြစ်ပွားလာပြီး တည်တည်တံ့တံ့နေလာတဲ့ သူ့ဘာသာစကားနှင့် သူ့နယ် သူ့မြေနှင့် သူ့စီးပွားရေးနှင့် သူ့ယဉ်ကျေးမှုပညာ ထုံးစံဓလေ့တွေနှင့် ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုံပဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။
ဒီအချက်တွေကိုအခြေပြုပြီး စဉ်းစားရင် ကျနော်တို့ဗမာပြည်မှ (Nation or Nationality) လူမျိုးကြီး အဖြစ်နှင့် ဘယ်နှမျိုး ရှိသလဲဆိုရင် စင်စစ်ပြောရရင်တော့ အားလုံးတမျိုးတည်းပဲရှိနိုင်မည်။
(၂ဝ-၅-၄၇ နေ့ ညီလာခံမိန့်ခွန်းမှ)
ပြည်ထောင်စု။
ပြည်ထောင်စု။

လီနင်ပြောသလို တစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ (The part contradicting the whole)
ပြည်ထောင်စုမျိုး ဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျစီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။ဒါမှ လူမျိုးအားလုံး၊ တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်းကောင်း ကျိုးရှိအောင် ပေါင်းတာမျိုးဖြစ်ပြီး ဆိုးကျိုးရှိအောင်ပေါင်းတာမျိုး ဘယ်နည်းမှ မဖြစ်နိုင်ဘူး။

ဤသည်တို့ကား ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်စဉ်က ထိုထိုမြို့ရွာများတွင် ဟောပြောခဲ့သော မိန့်ခွန်း များ မှ ကောက်နုတ်ဖော်ပြအပ်သည့် နိုင်ငံရေးစကားလုံး အချို့အချို့၏ အဓိပ္ပာယ်ဖင့်ပြချက် များ ဖြစ်ကြပေရာ ဤနိုင်ငံရေး စကားလုံးများအပြင် ဖော်လံဖား၊ စားဖား၊ ခွတုပ်စီးဝါဒနှင့် ဆိတ်လစေ့ စသောနိုင်ငံရေးဗန်းစကားများကိုလည်း အကြောင်းအားလျော်စွာ ထည့်သင်း သုံးစွဲခဲ့ပေသေး၏။

ယင်းစကားအားလုံးတို့ကို ဤဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြရန်နေရာမရှိတော့ သဖြင့် ချန်လှပ်ထားခဲ့ ရပေတော့မည်။ စင်စစ်သော်ကား ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများတွင်သာ မဟုတ် ။ အခြားခေါင်းဆောင်ကြီးများ၏မိန့်ခွန်းများတွင်လည်း နိုင်ငံရေးစကားလုံးများ၏ ဋီကာဖွင့်ချက် များကို တွေ့နိုင်ပေသေးရာ ယင်းစကားအားလုံးတို့ကို စုဆောင်းကောက်နုတ်၍ မှတ်တမ်းတင်ထား
No comments:
Post a Comment