Pages

Thursday, February 7, 2013

အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း


နတ်မောက် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့က ကျွန်တော့်အား အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း အကြောင်း ရေးပေးရန် စာရေး လိုက်သည်။ ကျွန်တော့် နတ်မောက် မြို့သို့ တခါမျှ မရောက်ဖူး။ သို့သော် နတ်မောက် ဟူသော အသံကပင် ကျွန်တော့် စိတ်ကို လှုပ်ရှား စေလိုက်သည်။ နတ်မောက်နှင့် ကိုအောင်ဆန်း ဆက်စပ် နေသည်။ နတ်မောက်သည် ကိုအောင်ဆန်း၏ ဇာတိ။ ထိုစဉ်က ဖွံ့ဖြိုးစ နယ်ချဲ့ စနစ်ကို တော်လှန် တိုက်ခိုက်သူမှာ ကိုအောင်ဆန်း၏ အဘိုး ဗိုလ်မင်းရောင် ဟူသော သမိုင်းခေတ် အသိက လက်ခနဲ ဝင်ရောက် လာသည်။

Wednesday, February 6, 2013

ဗိုလ်ချုပ်အောင်ဆန်း၏ ပညာရေးအမြင်


ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရ သည်။ 
 ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။

Tuesday, February 5, 2013

ဆန်း နှင့် ကြည် (ဒဂုန်တာရာ)

 



ဂျပန် ၀င်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာ ပြီးနောက် ဂျပန်တို့ ၀င်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်း ကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွား သည်။

Sunday, February 3, 2013

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဖွင့်ဆိုချက်များ


ခေတ်မီနိုင်ငံရေး အဘိဓာန်တစောင်တဖွဲ့ ထွက်ပေါ်လာရေးသို့ ရှေးရှုလျက် ဆောင်းပါးများတင်ပြခဲ့သည်မှာ ဂျာနယ်သုံးပတ်ပင် ရှိပေပြီ။ သို့နှင့်လည်း ရေးစရာများမှာ မကုန်တတ်သေးပေ။ယခုအပတ်တင်ကား ထိုပြီး ခဲ့သော ဆောင်းပါး (၂) စောင်တို့၏နောက်ဆက်တအနေဖြင့် ၁၉၄၆-၄၇ ခုနှစ်အတွင်းက အမြို့မြို့တွင် 
 ပြောဟောခဲ့သော ကွယ်လွန်သူ ဗိုလ်ချုပ်ဆောင်ဆန်း၏ မိန့်ခွန်းများမှ ကောက်နုတ်၍ နိုင်ငံရေး အဓိပ္ပာယ် ဖွင့်ဆိုချက်များကို တင်ပြလိုပေသည်။ 

ယင်းတင်ပြချက်များသည် ပေါ်ပေါက်လာလတံ္တသော ဗမာ့နိုင်ငံရေး အဘိဓာန် ကျမ်းကြီးအား ကျေးဇူးပြုနိုင် လိမ့်မည်ဟု ယုံကြည်မိပါသည်။၁၉၄၇ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံတင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ နှစ်သစ်ကူး မိန့်ခွန်း မြွက်ကြားရာတွင် “တော်လှန်ရေးဆိုတာဘာကို ဆို သလဲ ၊ လူထုဆိုတာ ဘာလဲ၊ ခေါင်းဆောင်မှု ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ အစရှိတဲ့ တိုင်းပြည် မှာ သတင်းစာတွေကော၊ နိုင်ငံရေးသမားတွေရော စမ်းတဝါးဝါး ရေးသားပြော ဆိုနေ တာ ကို တွေ့ရ လို့ ဖြေရှင်းလိုသေးတယ်” ဟူ၍ သူ့ဆန္ဒကို ထုတ်ဖော်ခဲ့လေသည်။

Saturday, February 2, 2013

ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း

      ဗိုလ်မှူးကြီးစူဇူကီးခေါ်ဗိုလ်မိုးကြိုး(ရှေ့ဆုံးတန်းမှမြန်မာ့ပုဆိုး၊တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်း ပေါင်းထားသူ) နှင့်
              ဗိုလ်ချုပ်အောင်ဆန်း (ရှေ့ဆုံးတန်း အလယ်လူ) တို့ ဦးဆောင်သော ရဲဘော် သုံးကျိပ်ဝင် အချို့။

"ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း" ကို ၁၉၈၅ ခု၊ဒီဇင်ဘာလ မှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့က (၂၉၊ ၁၁၊ ၁၈၈၅)မြန်မာနိုင်ငံတော်ရော မြန်မာလူမျိုး တရပ်လုံး၏ အမွန်အမြတ်ဆုံး လွတ်လပ်မှု အားလုံးကိုပါ ဆုံးရှုံးပျက်ပြား ခဲ့ကြရပြီး နိုင်ငံခြားသား လူမျိုးများအောက် ကျွန်းသားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့် လွတ်လပ်ရေး ပြန်လည် ကြေညာနိုင်ကြ ရအောင်   မြန်မာလူမျိုးတရပ် အရပ်အနားမရှိ မနားမနေ ကြံစည်အားထုတ် ကြိုးစားလာ ခဲ့ကြရလေ သည် ။မြန်မာ တို့၏ သက်ဦးဆံပိုင် သီပေါဘုရင် မင်းမြတ်ကို လိမ်လည်လှည့်ဖြား၍ ဖမ်းယူ သွားကြသည့် အခါ က မြန်မာ့ နယ်မြေ တရပ်လုံး တောင်ပေါ် မြေပြန့်ရှိ လူမျိုးစုအားလုံးပင် ရရှိကြရာ လက်နက်များဖြင့် ဥရောပ တိုက်သား ဖောက်ပြန်သည့် အင်္ဂလိပ် အစိုးရ၏လက်နက်ကိုင် တပ်များကို ဆယ်နှစ်ကျော်မျှ အနိုင် မခံ အရှုံး မပေးကြသေးသော စိတ်နေ စိတ်ထားများအရ ပြန်လှန်တိုက်ခိုက် မောင်းနှင် နေကြပေသေးသည်။

Friday, February 1, 2013

ဗိုလ်ချုပ်အောင်ဆန်းရေးစပ်ခဲ့သည့် ကဗျာ

ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှူံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီ၏ ညွတ်ကား မညွတ်

ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးထိုက်တန်သော စကားတစ်ခွန်း

တိုက်ပွဲဝင်ရန်နီးကပ်နေပြီဖြစ်သော ရဲဘော်များ အတွက် အတိုဆုံးနှင့်အထိရောက်ဆုံးဗိုလ်ချုပ်၏ မိန့်ခွန်းမှာ

“ လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့်သစ္စာရှိလျှင် မောင်တို့ခြေချရာအရပ်များသည် 
 အောင်မြေချည်း  ဖြစ်ရလိမ့် မည်။

Saturday, August 4, 2012

သမိုင်းထဲက ဓာတ်ပုံများ (လွတ်လပ်ရေးရပြီး)

၁၉၄၈ ခု၊ ဂျန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ အခါသမယ တွင် မြန်မာနိုင်ငံတော် အလံအား လွှင့်တင်နေခိုက် သမ္မတကြီး စိဝ်ရွှေသိုက်နှင့် အဆင့်မြင့် အရာရှိကြီးများ အလေးပြုစဉ်။

Thursday, July 19, 2012

မြန်မာအာဇာနည်များ

နေရာမှန် ထားတတ်ကြပါစေ......



မြတ်နိုးလို့ တဲ့  အမှတ်တရသိမ်းထားဖြစ်တယ်
ဧည့် ခန်းမှာတော့  မဟုတ်ဘူး
ဈေးရောင်း ပွဲတော်မှာ............

ချစ်လွန်းလို့ တဲ့  သွားလေရာခေါ်သွားကြတယ်
သာယာတဲ့ နေရာတော့ မဟုတ်ဘူး.....
စည်းရုံးရေးတိုင်းမှာ..........

လေးစားလို့ တဲ့  အမြဲတမ်း တယုတယထားတယ်
ရုံးခန်းမှာတော့ မဟုတ်ဘူး
ကားစတေကာမှာ.............

Wednesday, July 18, 2012

မေ့မရနိုင် ......(၁၉) ဇူလိုင်




               ဒိုင်း ..ကနဲ၊ ကြားလိုက်ရသော သေနတ်သံနှင့်အတူ ..အိပ်ယာထက်မှ ဆတ်ကနဲ ထထိုင်မိလိုက် သည် ။တကယ်ဖြစ်ခဲ့သည့်အိပ်မက်တစ်ခုက မလိုချင်ပါဘဲနှင့်၊ သူ့ထံကို မညှာမတာ ရောက်လာတတ်၏။   ဝေ့၀ဲလာသော မျက်ရည်နှင့် နားသယ် စဆီမှချွေးစစို့စို့က၊ ရင်ထဲက ထွက်လာသော ပူလောင်မှုအတွက် သက်သေ တစ်ခုပမာ ..။

အံကိုခပ်ဖွဖွ ဖိကြိတ်မိ၏။ ချစ်ခြင်းမေတ္တာ၊ နားလည်နွေးထွေးမှုတို့ဖြင့်၊ ဖွဲ့တည်ထားသည့် မိသားစု၊ တိုင်းပြည်တစ်
ခုလုံး၏ စံပြုစရာ မိသားစုတစ်ခုမှ တံတိုင်းကြီးသည် ဘယ်လိုကံကြွေးကြောင့်များ ..သူတို့ဘ၀ထဲမှ စောစီးစွာ စွန့်
ခွာသွားရပါသနည်း ...။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့တဲ့ "မြန်မာ့စိန်ခေါ်သံ"



နိဒါန်း

ဤစာအုပ်ငယ်သည် မြန်မာပြည်တွင်းမှ ဂျပန် ကျူးကျော်ရေးသမားတို့အား မောင်းထုတ်ပြီးသည့်နောက် အထူး ထူးသော အရေးအခင်းများနှင့် ပတ်သက်၍ ပြောဆိုခဲ့သော ကျွန်ုပ်၏ အရေးပါသော ဟောပြောချက်များနှင့် မိန့်ခွန်းများကို စုစည်း ဖော်ပြထားချက် တရပ်ဖြစ်၍ ထိုခေတ် ထိုကာလရှိ မြန်မာပြည်၏ အခြေအနေများ၊ ပြဿနာ များနှ င့် သဘော ဆန္ဒများကို ရှင်းလင်း ဖော်ပြ ထားလေသည်။ မြန်မာပြည်၏ ပြဿနာများနှင့် ဖြစ်ရပ်များကို ကမ်းကုန်လမ်းကုန်၊ သို့မဟုတ် နိုင်နိုင်နင်းနင်း ကိုင်တွယ် သုံးသပ်ထားသည် ဟူ၍ကား မဆိုလိုပေ။ သို့သော် မြန်မာပြည်၏ လက်ရှိအဖြစ်အပျက်များနှင့် ပြဿနာများ၏ ယေဘုယျ ရှေ့ရှုချက် များကိုမူ ဖော် ထုတ် ညွှန်ပြပေးနိုင်လိမ့်မည် ဟူ၍ကား မြှော်လင့်မိပေသည်။

၁၉ ဇူလိုင်





၁၉ ဇူလိုင် မမေ့နိုင်က

စကားအဖြစ် ကျန်ကာရစ်လို့

တွေးကာစိတ်မျှော် စိတ်ရည်ဖော်လည်း

တင်ကာမရ ပေလွှာထက်က

ရေးကြီးခေါင်းစဉ် စီကာမတင် သြော်မမြင်ရတာကြာပြီပေါ့.....

ဗိုလ်ချုပ်အောင်ဆန်း ‎(အတိတ်နှင့် ပစ္စုပ္ပန်)‎



မသိ၍ဆို၊
မလို၍ပြော။

သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ ဉာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။
မသိ၍ထင်၊
မမြင်၍ပြော။

အာဇာနည် အလေးပြု



ငါတို့အတွက်၊ ကိုယ့်အသက်ကို၊
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွှတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖော်နတ်က ကြားစေသောဝ်။

သခင်အောင်ဆန်းတရား


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊‎
အဘယ်တရားဟောမည်နည်း။‎

ဆန်း၏ သတ္တိ၊‎
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊‎
ဟောစရာကား အလွန်များ၏။‎

ပြောလိုက်ပါဘိ ဟောပါဘိ



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊‎
မင်း၏သက်လှယ်၊ မင်း သားငယ်သည်၊‎
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။‎

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊‎
အူယားဖါးယား၊‎
ကစားရာမှ၊ နွားရုပ်ချ၍၊‎
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊‎
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊‎
ငါမြင်ခဲ့၏ မှတ်မိ၏။‎

ဗိုလ်ချုပ်အောင်ဆန်း ကဗျာ



ဇူလိုင် ၁၉ ၊ ၆၅ နှစ်မြောက် အာဇာနည်နေ့ ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကဗျာ လေးကို အမှတ်တရ.. တင်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။

ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်။